ပညာရေးအသက်အာမခံ
ရည်ရွယ်ချက်
အသက်ကန့်သတ်ချက်
အသက်(၁၈)နှစ်မှ (၅၆)နှစ်အတွင်း။အာမခံသက်တမ်း
ပရီမီယံပေးသွင်းသည့်နေ့မှစ၍ (၉)နှစ်၊ (၁၁)နှစ်၊ (၁၄)နှစ်။အာမခံထားငွေ
အနည်းဆုံး ကျပ်(၅၀)သိန်းမှ အများဆုံး ကျပ်သိန်း (၁,ဝ၀ဝ) အထိ အာမခံထား ရှိနိုင်ပါသည်။ပရီမီယံပေးသွင်းခြင်း
ပရီမီယံပေးသွင်းရန် သက်တမ်း
အာမခံသက်တမ်းအပေါ် မူတည်၍ (၅)နှစ်၊ (၇)နှစ်၊ (၁၀)နှစ် စသည်ဖြင့် ပေးသွင်းရမည်။အာမခံအကာအကွယ်အမျိုးအစား
သေဆုံးမှုအကျိုးခံစားခွင့်
အာမခံသက်တမ်းအတွင်း ပညာရေးအသက်အာမခံ နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်ပုံစံ (Double Benefit Plan) အမျိုးအစားကို ဝယ်ယူထားသော အာမခံထားသူ သေဆုံးပါက အာမခံထားငွေကို အကျိုးခံစားခွင့် ရှိသူအား ထုတ်ပေးပါမည်။ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်
ပညာရေးအသက်အာမခံ နှစ်ထပ်ကွမ်း အကျိုးခံစားခွင့်ပုံစံ (Double Benefit Plan) အမျိုးအစားကို ဝယ်ယူထားသော အာမခံထားသူသည် ပေါ်လစီတည်မြဲနေစဉ်အတွင်း ရုတ်တရက် ထိခိုက်ခြင်းကြောင့် လည်းကောင်း၊ ရောဂါကြောင့်လည်းကောင်း ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်၍ ဝင်ငွေရရှိသော အလုပ်အကိုင်ကို လုံးဝမလုပ်ကိုင်နိုင်လျှင် အာမခံထားငွေကို တလုံးတည်းထုတ်ပေးပါမည်။ပရီမီယံကင်းလွတ်ခွင့်
အာမခံထားရှိသူသည် ပေါ်လစီတည်မြဲနေစဉ်အတွင်း သေဆုံးခဲ့လျှင် သော်လည်းကောင်း၊ ထာဝစဉ်လုံးဝမသန်စွမ်းခဲ့လျှင် သော်လည်းကောင်း ထိုထိခိုက်ဆုံးရှုံးမှု ဖြစ်ပွားပြီးနောက်ပိုင်း ပရီမီယံကြေးပေးသွင်းရမည့်ရက် ရောက်သည့်နေ့မှစ၍ ပရီမီယံကြေးပေးသွင်းသည့်ကာလ ပြီးဆုံးချိန်အထိ ပေါ်လစီရှင်မှ အာမခံကုမ္ပဏီသို့ ပေးသွင်းရန် ကျန်ရှိသော ပရီမီယံများ အားလုံးကို ဆက်လက်ပေးသွင်းရန် မလိုတော့ပဲ ကင်းလွတ်ခွင့်ရှိပါသည်။ အာမခံကုမ္ပဏီမှ ပရီမီယံကြေးများ ကင်းလွတ်ခွင့် ပေးထားသည့် ကာလအတွင်း ပေါ်လစီသည် ဆက်လက်တည်မြဲ နေမည်ဖြစ်ပြီး သတ်မှတ် ထားသော သက်တမ်း ရောက်သည့်အခါ ပညာရေးအကျိုးခံစားခွင့်ကို ရရှိမည်ဖြစ်ပါသည်။ပညာရေးအကျိုးခံစားခွင့်
ဤပညာရေးအာမခံ ပေါ်လစီသည် ပရီမီယံပေးသွင်းရသည့် သက်တမ်းပြီးဆုံးသွားသော်လည်း ဆက်လက်တည်မြဲနေမည်ဖြစ်ပြီး ပရီမီယံပေးသွင်းရသည့် သက်တမ်းပြီးဆုံးချိန်မှစ၍အာမခံသက်တမ်း စေ့ရက်ရောက်သည့်နေ့ အပါအဝင် တစ်နှစ်ပြည့်သည့်နေ့သို့ရောက်တိုင်း အာမခံကုမ္ပဏီမှ ပညာရေး အကျိုးခံစားခွင့်အဖြစ် အာမခံထားငွေ၏ ၂၀% စီကို ပြန်လည်ထုတ်ပေးမည် ဖြစ်သည်။ (အာမခံသက်တမ်း ပြည့်သည့်အခါ ထုတ်ပေးခဲ့သော ပညာရေးအာမခံ စုစုပေါင်းသည် အာမခံထားငွေနှင့် ညီမျှနေမည် ဖြစ်ပါသည်။)အမ်းငွေထုတ်ယူခြင်း
ပေါ်လစီရှင်သည် ကျသင့်ပရီမီယံကို ဆက်လက်ပေးသွင်းခြင်း မပြုနိုင်တော့သဖြင့် အတည်ဖြစ်ပြီးသော ပေါ်လစီတစ်စောင်ကို ဖျက်သိမ်း၍ အမ်းငွေထုတ်ယူရန် အကြောင်းကြားလာလျှင် အမ်းငွေဇယားပါနှုန်းအတိုင်း ရခွင့်ရှိသည့်အမ်းငွေကို ပေါ်လစီရှင်သို့ တစ်လုံးတည်း ထုတ်ပေးပါသည်။ပေါ်လစီကိုစာရင်းပိတ်ခြင်း
ပေါ်လစီရှင်တစ်ဦးအနေဖြင့် အတည်ဖြစ်ပြီးသော ပေါ်လစီတစ်စောင်ကို ပရီမီယံ ဆက်လက် မပေးသွင်းနိုင်လျှင် စာရင်းပိတ်နိုင်သည်။ ပေါ်လစီတွင်ဖော်ပြထားသော သက်တမ်းစေ့ ရောက်သည့်နေ့တွင် စာရင်းပိတ်တန်ဖိုးကို ပေါ်လစီရှင်သို့ ထုတ်ပေးပါသည်။ အာမခံသက်တမ်းအတွင်း အာမခံထားသူ သေဆုံးလျှင် အကျိုးခံစားခွင့် လွှဲပြောင်းခြင်း ခံရသူအား စာရင်းပိတ်တန်ဖိုးကိုသာ ထုတ်ပေးပါသည်။ပညာရေးအသက်အာမခံ ထားခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ
Loading...