Capital Taiyo Life Insurance တွင် Life Planner Agent အဖြစ် လုပ်ကိုင်နိုင်ပြီဖြစ်ပါကြောင်း…

Post On

April 19, 2022
Life Planner Agent Image

မိမိအားလပ်ချိန်တွင် အပိုဝင်ငွေရရှိအောင် တနိုင်တပိုင်လုပ်ကိုင်ဖို့စဉ်းစားနေသူ (သို့) အသက်အာမခံလုပ်ငန်းကို စိတ်ပါဝင်စားသူများအနေဖြင့် Capital Taiyo Life Insurance တွင် Life Planner Agent အဖြစ်လုပ်ကိုင်နိုင်ရန် လျှောက်ထားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Life Planner Agent ဆိုသည်မှာ မိမိကိုယ်စားပြုထားသည့်အသက်အာမခံကုမ္ပဏီနှင့် အသက်အာမခံထားရှိသည့်Customers တွေကြား နှစ်ဦးနှစ်ဖက်အဆင်ပြေပြီး အကျိုးအမြတ်ကောင်းတွေရရှိအောင် လုပ်ဆောင်ပေးရသည့် အရေးပါလှသည့် အခန်းကဏ္ဍကိုလုပ်ဆောင်ရသူဖြစ်ပြီး၊ မိမိ အားလပ်ချိန်မှာ တနိုင်တပိုင် အသက်အာမခံထားရှိလိုသူများကို ရှာဖွေရောင်းချနိုင်ပြီး၊ မိမိ ရောင်းချခဲ့သည့်အသက်အာမခံပေါ်လစီပေါ်မူတည်၍ ကော်မရှင်ဝင်ငွေတွေ တိုးပွားရရှိနိုင်မှာဖြစ်ပါသည်။

Capital Taiyo Life Insurance ၏ Life Planner Agentတစ်ယောက်အနေဖြင့် ဘာကြောင့်လက်တွဲလုပ်ဆောင်သင့်ပါသလဲဟုဆိုပါလျှင် Capital Taiyo Life Insurance သည် မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ်မှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီး ခိုင်မာသည့်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့်အပြင်၊ ရန်ကုန်ရှိရုံးချုပ်နှင့် ရုံးခွဲပေါင်း ၁၂ခုဖြင့် မြန်မာနိုင်ငံအနှံမှာ အသက်အာမခံဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ သို့ဖြစ်ပါ၍ Capital Taiyo Life Insurance ၏ Life Planner Agent အဖြစ် စိတ်ချယုံကြည်စွာ၊ ဂုဏ်ယူ လက်တွဲလုပ်ဆောင်နိုင်ပါသည်။

Life Planner Agent နှင့်ပတ်သက်ပြီးအသေးစိတ်ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်နိုင်ရန်အတွက်လည်း Online Zoom Seminar များ ပြုလုပ်လျက်ရှိသည့်အတွက် အသေးစိတ် များကို Capital Taiyo Life Insurance Facebook Page တွင် ကြည့်ရှုနိုင်ပါသည်။

Capital Taiyo Life Insurance ၏ Life Planner Agent တစ်ယောက်အဖြစ် အတူလက်တွဲလုပ်ဆောင်နိုင်ရန် နွေးထွေးစွာစောင့်ကြိုလျက်…

CTLI Logo Image

Loading...