“Capital Taiyo Life Insurance Limited၏အာမခံကိုယ်စားလှယ်သင်တန်း ဖွင့်လှစ်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ခြင်း 🎉”

Post On

April 19, 2022
Agent Training Image

“Capital Taiyo Life Insurance Limited ၏ အာမခံကိုယ်စားလှယ်သင်တန်း ဖွင့်လှစ်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ခြင်း 🎉”

စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အာမခံကိုယ်စားလှယ်သင်တန်းကျောင်း (Agent Training Center) ကို ၂၁. ၁. ၂၀၂၁နေ့တွင် စတင် ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ 🎊

Capital Taiyo Life Insurance Limited ၏ အာမခံကိုယ်စားလှယ်သင်တန်းကျောင်းကို ချမှတ်ထားသော စံနှုန်းများနှင့် အညီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အာမခံကိုယ်စားလှယ်လုပ်ကိုင်ခွင့်လိုင်စင်ရရှိရန် လိုအပ်သော အရည်အချင်းစစ်စာမေးပွဲအား ဝင်ရောက်ဖြေဆိုနိုင်သည်အထိပို့ချပေးသွားမည်ဖြစ်ပါသည်။

ထို့ပြင် ပြင်ပမှ အာမခံအကြောင်း စိတ်ဝင်စားသူများ ၊ Capital Taiyo Life Insurance Limited ၏ အာမခံကိုယ်စားလှယ် (Agent) ဖြစ်လိုသူများလည်း တက်ရောက်နိုင်ကြောင်း သတင်းကောင်းပါးလိုက် ပါရစေ 🙋🏻‍♀️✨

“သင့်အနာဂတ်၊ သင့်မိသားစုဘဝ လုံခြုံစိတ်ချလှပစေဖို့ Capital Taiyo Life Insurance Limited ကို ရွေးချယ်လိုက်ပါ။” Capital Taiyo Life Insurance Limited သည် အာမခံအမျိုးအစား ၁၀ မျိုးရှိသော အာမခံကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အသက်အာမခံအကြောင်း ကျွမ်းကျင်နှံ့စပ်သော အရောင်းဝန်ထမ်းများမှလည်း Customers များနှင့် အသင့်တော်ဆုံးဖြစ်နိုင်မည့် အသက်အာမခံအမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်စေရန် အပြည့်အ၀ကူညီပေးလျက် ရှိပါတယ်။

အာမခံထားငွေနဲ့ စုစုပေါင်းပေးသွင်းပရီမီယံတွက်ချက်ခြင်း အကြောင်း အသေးစိတ် သိရှိလိုပါက page chat box မှသော်လည်းကောင်း အောက်ဖော်ပြပါ ဖုန်းနံပါတ်ကို လည်းကောင်း ဆက်သွယ် မေးမြန်း နိုင်ပါတယ်နော် …

ဖုန်းနံပါတ်: ၀၉-၉၇၀၀၁၉၉၀၀

CTLI Logo Image

Loading...