Post On
Oct 9, 2024Capital Taiyo Life Insurance သည် JobNet Myanmar ကုမ္ပဏီမှပေးအပ်သည့်“Best Companies to Work In Myanmar Awards (Employee’s Choice)” ကို ရရှိခဲ့ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြေညာအပ်ပါသည်။
Capital Taiyo Life Insurance မှ ဝန်ထမ်းများသည် Best Company To Work In Myanmar(BCIM) စစ်တမ်းမေးခွန်းပေါင်း(၇၀) ခန့်ကိုဖြေဆိုခဲ့ကြပါသည်။ အဆိုပါSurveyကို JobNet Myanmar ကုမ္ပဏီမှ တိုင်းတာချက်(Methodoloy)အချက်(၇)ချက်ဖြင့် အတည်ပြုစိစစ်ခဲ့ပြီး၊ ဆုရရှိသည့်ကုမ္ပဏီရလဒ်များကို (၂၀၂၄)ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့တွင် JobNet.com.mmမှ တရားဝင်ကြေညာခဲ့ပါသည်။
ဆုရရှိခဲ့သည့်ကုမ္ပဏီ(၁၇)ခုအနက် Capital Taiyo Life Insurance အနေဖြင့်လည်း (BCIM)ဆုကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ရရှိခဲ့ပါသည်။ ဤဆုကို ရရှိခြင်းဖြင့် ကုမ္ပဏီသည် ဝန်ထမ်းများအတွက် စိတ်ချမ်းသာမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင်ပြေချောမွေ့သော အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ခဲ့သည်ဟု အခိုင်အမာယုံကြည်မိပါသည်။
Capital Taiyo Life Insurance နှင့် ယုံကြည်စွာလက်တွဲခဲ့သည့် customerများနှင့် ဝန်ထမ်းများ၏ အားထုတ်ကြိုးစားမှုကြောင့် ရရှိခဲ့ခြင်းဖြစ်သည့်အားလျော်စွာ ၊ Customerများနှင့်ဝန်ထမ်းများအတွက် ပိုမိုကောင်းမွန်သည့်အနာဂတ်များဖန်တီပေးနိုင်အောင် Capital Taiyo Life Insurance မှအကောင်းဆုံးကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကတိပြုပြောကြားအပ်ပါသည်။
Capital Taiyo Life Insurance Limited အကြောင်းကို သိရှိလိုပါက အောက်ဖော်ပြပါ Link လေးတွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/share/v/15QsX9yE3g/✨ အာမခံထားရှိခြင်းနှင့် လျော်ကြေးငွေတောင်းခံခြင်း၊ ပရီမီယံငွေသွင်းခြင်းစသည့် အကြောင်းအရာများကို အသေးစိတ်သိရှိလိုပါက CTLI page chat box မှလည်းကောင်း၊ အောက်ဖော်ပြပါ ဖုန်းနံပါတ်ကိုလည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
🔷နွေးထွေးလုံခြုံသော အနာဂတ်ဆီသို့ တို့အတူလျှောက်လှမ်းကြပါစို့။🔷
#Plan For Future, We Are Here.
#Capital Taiyo Life Insurance
Loading...