Capital Taiyo Life Insurance ၏ Credit Life Insurance Product ကို MCB ဘဏ်ခွဲတိုင်းတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း ကြေညာခြင်း။

Post On

Mar 29, 2024
Credit Life Insurance Image

Credit Life Insurance သည် ကြိုတင်မမြင်နိုင်သည့်အနာဂတ်ကို တွေးပူနေစရာမလိုပဲ၊ စိတ်အေးချမ်းသာစွာဖြင့် ချေးငွေရယူနိုင်သောအာမခံအမျိုးအစားဖြစ်သည်။

အကယ်၍ ဘဏ်မှ ချေးငွေရယူထားပြီး အသက်ဆုံးရှုံးခြင်း (သို့မဟုတ်) ထာဝစဉ်မသန်စွမ်းခြင်းကြောင့် ချေးငွေ ပြန်မဆပ်နိုင်တော့သည့် အ‌ခြေအနေမျိုးကြုံတွေ့ခဲ့လျှင် ကျန်ရစ်သူမိသားစုသည် အဆိုပါချေးငွေကို ပြန်ဆပ်စရာ မလိုအပ်အောင် Credit Life Insurance က အကောင်းဆုံး ကူညီပေးနိုင်ပါသည်။

Credit Life Insurance သည် ပေးသွင်းရမည့် ပရီမီယံကြေးအတွက် ၀င်ငွေခွန်သက်သာခွင့်ရှိပြီး၊ ဘဏ်ချေးငွေဖြင့် အိမ်မက်ကို အကောင်အထည်ဖော်လိုသူများအတွက် နောင်ရေးကို စိတ်အေးရစေမည့် အာမခံအမျိုးအစားတစ်ခုဖြစ်ပါသည်။

နီးစပ်ရာ MCB ဘဏ်ခွဲတိုင်းတွင် အသေးစိတ်အချက်အလက်များကို မေးမြန်းစုံစမ်းနိုင်ပါသည်။

Capital Taiyo Life Insurance Limited အကြောင်းကို သိရှိလိုပါက အောက်ဖော်ပြပါ Link လေးတွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/share/v/15QsX9yE3g/

✨ အာမခံထားရှိခြင်းနှင့် လျော်ကြေးငွေတောင်းခံခြင်း၊ ပရီမီယံငွေသွင်းခြင်းစသည့် အကြောင်းအရာများကို အသေးစိတ်သိရှိလိုပါက CTLI page chat box မှလည်းကောင်း၊ အောက်ဖော်ပြပါ ဖုန်းနံပါတ်ကိုလည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

☎️ ဖုန်းနံပါတ်: ၀၉-၉၇၀၀၁၉၉၀၀

🔷နွေးထွေးလုံခြုံသော အနာဂတ်ဆီသို့ တို့အတူလျှောက်လှမ်းကြပါစို့။🔷

#Plan For Future, We Are Here.

#Capital Taiyo Life Insurance

CTLI Logo Image

Loading...