G&G Convenience Store များမှလစဉ်ပရီမီယံကြေးများပေးချေနိုင်ပြီဖြစ်ကြောင်း ကြေညာခြင်း။

Post On

Jan 27, 2021
G&G Image

G&G Convenience Store များမှလစဉ်ပရီမီယံကြေးများပေးချေနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

Capital Taiyo Life Insurance Limited တွင် ငွေပင် ငွေရင်း အသက်အာမခံထားရှိသော Customers များအတွက် G&G Convenience Store များမှ တစ်ဆင့် လစဉ် ပရီမီယံကြေးများ ပေးချေနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

“Premium Payment Enquiry App” ကို Google Play Store တွင် Update ပြုလုပ်ပြီး Make Payment မှ တစ်ဆင့် G&G ကိုဝင်ပြီး Pay ကိုနှိပ်၍ barcode ထွက်လာပါက ထို barcode ကို G&G တွင်ပြပြီး ကျသင့်သော ပရီမီယံကြေးကို ပေးချေနိုင်ပါသည်။

ယခု လက်ရှိမှာတော့ ကြည့်မြင်တိုင်၊လှိုင် နှင့် ကမာရွတ်မြို့နယ်များရှိ G&G ဆိုင်များတွင်သာ အသုံးပြုနိုင်ပါသေးသည်။ မကြာမီ အချိန်အတွင်း G&G ဆိုင်တိုင်းတွင် ပေးချေနိုင် အောင် ကြိုးစားနေကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

အသက်အာမခံထားရှိထားခြင်းဖြင့် မိမိတို့ဘဝအတွက်ငွေကြေးလုံခြုံမှု အပြည့်အဝပေးနိုင်သည့် Capital Taiyo Life Insurance Limited နှင့် လက်တွဲနိုင်ပါသည်။

Capital Taiyo Life Insurance Limited သည်အသက်အာမခံအကြောင်း ကျွမ်းကျင်နှံ့စပ်သော အရောင်းဝန်ထမ်းများမှလည်း Customer များနှင့် အသင့်တော်ဆုံးဖြစ်နိုင်မည့် အသက်အာမခံအမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်စေရန် အပြည့်အဝကူညီပေးလျက် ရှိပါသည်။

Capital Taiyo Life Insurance Limited အကြောင်းကို သိရှိလိုပါက အောက်ဖော်ပြပါ Link လေးတွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။

https://www.facebook.com/share/v/15QsX9yE3g/

✨ အာမခံထားရှိခြင်းနှင့် လျော်ကြေးငွေတောင်းခံခြင်း၊ ပရီမီယံငွေသွင်းခြင်းစသည့် အကြောင်းအရာများကို အသေးစိတ်သိရှိလိုပါက CTLI page chat box မှလည်းကောင်း၊ အောက်ဖော်ပြပါ ဖုန်းနံပါတ်ကိုလည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

☎️ ဖုန်းနံပါတ်: ၀၉-၉၇၀၀၁၉၉၀၀

🔷နွေးထွေးလုံခြုံသော အနာဂတ်ဆီသို့ တို့အတူလျှောက်လှမ်းကြပါစို့။🔷

#Plan For Future, We Are Here.

#Capital Taiyo Life Insurance

CTLI Logo Image

Loading...