FAQS Image

မေးလေ့မေးထရှိသော မေးခွန်းများ

အာမခံဝယ်ယူဖို့စိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ customers များရဲ့ လိုအပ်ချက်နဲ့ကိုက်ညီ၍ အာမခံအကာအကွယ်အပြည့်အဝရရှိစေတဲ့ products အချက်အလက်များကို အသေးစိတ် မိတ်ဆက်ရှင်းပြပေးမှာဖြစ်တဲ့အတွက် hotline (+၉၅)၉-၉၇၀၀၁၉၉၀၀ သို့ ဆက်သွယ်မေးမြန်နိုင်ပါတယ်။

အသက်အာမခံဆိုတာ မမျှော်လင့်ထားတဲ့ကိစ္စရပ်များ၊ ကြိုတင်ခန့်မှန်းလို့မရနိုင်သောကိစ္စရပ်များကြောင့် ငွေကုန်ကြေးကျများပြီးပူဆွေးသောကရောက်နေသည့်အခါ မိမိနှင့်မိမိ မိသားစုကို ငွေကြေးပိုင်းဆိုင်ရာ အကာအကွယ်ပေးပြီး၊ ဖျားနာခြင်း(သို့) ဆေးရုံတက်ရသည့်အခါတွင်လည်း ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်များကိုလည်း ကာကွယ်ပေးပါတယ်။

အာမခံအမျိုးအစားပေါ်မူတည်၍ အသက်ကန့်သတ်ချက်များရှိသော်လည်း ဝင်ငွေကန့်သတ်ချက်မရှိပါ။

အာမခံစာချုပ်ကို အာမခံဝယ်ယူပြီး (၇) ရက်အတွင်း ပေးအပ်မှာဖြစ်ပါတယ်။

လျော်ကြေးငွေတောင်းခံရန် လိုအပ်တဲ့ စာရွက်စာတမ်းများအားလုံးကို ပြင်ဆင်ပြီးပါက၊ ရုံးချုပ်(သို့) နီးစပ်ရာရုံးခွဲသို့ လာရောက်၍ဖြစ်စေ၊ ကျွန်တော်တို့ CTLI အပလီကေးရှင်းမှဖြစ်စေ လျော်ကြေးငွေတောင်းခံနိုင်ပါတယ်။ အသေးစိတ်ကို ဒီမှာလေ့လာနိုင်ပါတယ်။ အကျိုးခံစားခွင့်တောင်းခံခြင်း-->[Click Here]

လိပ်စာ၊ ဖုန်းနံပါတ်စတဲ့ အချက်အလက်ကို ပြောင်းလဲလိုပါက ကျွန်တော်တို့ရဲ့ CTLI အပလီကေးရှင်း (Update Profile)တွင် မိမိကိုယ်တိုင် ပြင်ဆင်ပြောင်းလဲနိုင်ပါတယ်။ Hotline (+၉၅)၉-၉၇၀၀၁၉၉၀၀ ကိုဆက်သွယ်ပြီးတော့လည်း ပြောင်းလဲနိုင်ပါတယ်။

ကျွန်တော်တို့ Capital Taiyo Life ရုံးချုပ်နှင့် ရုံးခွဲ တည်နေရာလိပ်စာနှင့် ဖုန်းနံပါတ်များကို ဒီမှာအသေးစိတ်လေ့လာနိုင်ပါတယ်။ ရုံးခွဲဖုန်းနံပါတ်များ-->[Click Here]

အသက်အာမခံကိုယ်စားလှယ်အဖြစ်လုပ်ကိုင်ရန် စိတ်ဝင်စားပါက Capital Taiyo Life hotline (+၉၅)၉-၉၇၀၀၁၉၉၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Product နဲ့သက်ဆိုင်သောမေးခွန်းများ

ငွေပြန်အမ်းခြင်းကို ကုမ္ပဏီမှချမှတ်ထားတဲ့ကာလနှင့်စည်းမျဉ်းစည်းကမ်းအတွင်း အကျုံးဝင်ပါက ဆောင်ရွက်ပေးပါတယ်။

ကျွန်တော်တို့ Capital Taiyo Life Insurance ကုမ္ပဏီမှာ အသက်အာမခံအမျိူးအစားပေါ်လစီများသာ ဝယ်ယူထားရှိနိုင်ပါတယ်။ ကားအာမခံ၊ မီးအာမခံ စတဲ့အာမခံများ မရရှိနိုင်ပါ။

ကျွန်တော်တို့ Capital Taiyo Life Insurance ကုမ္ပဏီမှာ ဝယ်ယူထားရှိနိုင်တဲ့ အသက်အာမခံအမျိူးအစားတွေကို ဒီလင့်မှာလေ့လာနိုင်ပါတယ်။ ပင်မစာမျက်နှာ-->[Click Here]

ငွေစုအသက်အာမခံအမျိုးအစား (၂)မျိုးရှိပါတယ်။ ကယ်ပီတယ်လ်တိုင်ရိုအသက်အာမခံ(သုံးဆတိုးအကာအကွယ်) နှင့် ပညာရေးအသက်အာမခံဖြစ်ပါတယ်။ မမျှော်လင့်ထားတဲ့အချိန် သေခြင်းတရားကို ရင်ဆိုင်ခဲ့ရပါက ကျန်ရစ်သူမိမိရဲ့ မိသားစုအတွက် ငွေကြေးပိုင်းဆိုင်ရာအထောက်အကူပြုသလို၊ အာမခံသက်တမ်းပြီးဆုံးချိန်ထိ ကျန်းမာစွာရှင်သန်ခဲ့ရင်လည်း အာမခံအကာအကွယ်ရယူရင်းငွေစုထားသလို အကျိုးရှိပါတယ်။

Android မှာရော iOS မှာရော CTLI mobile application ကို ဒေါင်းလုဒ်ရယူပြီး အသုံးပြုနိုင်ပါတယ်။ For Andriod-->[Click Here], For iOS-->[Click Here]

Premium Payments နဲ့သက်ဆိုင်သောမေးခွန်းများ

စာချုပ်ဖျက်သိမ်း(Surrender)နှုန်းက အာမခံအမျိုးအစားနှင့် ပရီမီယံပေးသွင်းနှစ်စတဲ့ အချက်အလက်ပေါ်မူတည်ပါတယ်။ အသေးစိတ်အချက်အလက်များကို hotline (+၉၅)၉-၉၇၀၀၁၉၉၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ပရီမီယံကြေးများကို KBZ ၊ AYA၊ Yoma၊ CB၊ MCB၊ UAB၊ GTB ဘဏ်များ၏ ဘဏ်ကောင်တာများ၊ Mobile Banking (KBZ၊ AYA၊ CB၊ YOMA)၊ Mobile Wallet (Citizens Pay၊ KBZ Pay၊ CB Pay၊ AYA Pay၊ Wave Money၊ OK Dollar) နှင့် G&G Convenience Store (ကြည့်မြင်တိုင်၊ ကမာရွတ်၊ လှိုင်မြို့နယ်အတွင်းရှိ ဆိုင်များသာ) စသည့် နည်းလမ်းများဖြင့်ပေးချေနိုင်ပါတယ်။ Payment Channel--->[Click Here]

အာမခံထားသူသည် CB Bank ၏ standing order form ကိုဖြည့်ခြင်းဖြင့် အလိုအလျောက်ပရီမီယံငွေပေးချေမှုဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။ အလိုအလျောက်ပရီမီယံငွေပေးချေမှုဝန်ဆောင်မှုက အာမခံထားသူ၏ CB Bank အကောင့်မှ အာမခံပရီမီယံကြေးကို အလိုအလျောက် နုတ်ယူသွားမှာဖြစ်ပါတယ်။ Payment Channel--->[Click Here]

ငွေကောက်ဝန်ထမ်းများ ငွေပုံမှန်လာမကောက်ခြင်းကိစ္စရပ်များ ရှိပါက၊ customer service center (+၉၅)၉-၉၇၀၀၁၉၉၀၀ သို့ ဆက်သွယ်တိုင်ကြားနိုင်ပါတယ်။ digital payment များဖြင့်လည်း ငွေပေးသွင်းခြင်းပုံစံပြောင်းလဲနိုင်ပါတယ်။

မိမိပေးသွင်းထားတဲ့ ပရီမီယံ အကြိမ်အရေအတွက်၊ ပေးသွင်းထားတဲ့ ပမာဏ စတဲ့အသေးစိတ်အချက်အလက်များကို ကျွန်တော်တို့ CTLI အပလီကေးရှင်းတွင် ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။ Android နှင့် iOS (၂) မျိုးလုံးတွင် ပါရှိပါတယ်။

အာမခံအမျိုးအစားပေါ်မူတည်ပြီး အနည်းဆုံးပေးသွင်းရမည့် ပရီမီယံအကြိမ်အရေအတွက်ရှိပါတယ်။ဥပမာအားဖြင့်၊ Capital Taiyo Saving Life (Triple Cover Plan) အမျိူးအစားတွင် (၆)လစာ ပရီမီယံပေးသွင်းထားမှသာလျှင် surrender ပြန်လုပ်နိုင်မှာဖြစ်ပါတယ်။

ပရီမီယံကြေးပေးသွင်းရန် ရက်ကျော်သွားပါက၊ အာမခံအမျိူးအစားအလိုက် ပရီမီယံစောင့်ဆိုင်းကာလရှိပါတယ်။အသေးစိတ်အချက်အလက်များကို hotline (+၉၅)၉-၉၇၀၀၁၉၉၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အာမခံပေါ်လစီအမျိုးအစားပေါ်မူတည်ပြီး ပြောင်းလဲမှုရှိပါတယ်။ အသေးစိတ်အချက်အလက်များကို hotline (+၉၅)၉-၉၇၀၀၁၉၉၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Services နဲ့သက်ဆိုင်သောမေးခွန်းများ

မှန်ပါတယ်။ ပရီမီယံကြေးပေးသွင်းတဲ့အခါ ပြေစာစာရွက်အစား SMS receipts ပေးပို့ပေးခြင်းဖြစ်ပြီး၊ နှစ်ခုလုံး (ပြေစာစာရွက်နှင့် SMS receipts) တရားဝင် အကျုံးဝင်ပါတယ်။ ပရီမီယံကြေးပေးသွင်းသော်လည်း မည်သည့်ပြေစာမှ မရရှိပါက ချက်ချင်း ၊ hotline (+၉၅)၉-၉၇၀၀၁၉၉၀၀သို့ဆက်သွယ်အကြောင်းကြားပေးရန်လိုအပ်ပါတယ်။

ကျွန်တော်တို့ CTLI အပလီကေးရှင်းမှ လျော်ကြေးငွေတောင်းခံနိုင်ပါတယ်။ အသေးစိတ်ကို ဒီမှာလေ့လာနိုင်ပါတယ်။ အကျိုးခံစားခွင့်တောင်းခံခြင်း-->[Click Here]

ရုံးဖွင့်ရက်များတွင်သာလျှင် ငွေကောက်ဝန်ဆောင်မှုပေးပါတယ်။

CTLI အပလီကေးရှင်းအသုံးပြုရာတွင် error ဖြစ်ပွားပါက၊ hotline (+၉၅)၉-၉၇၀၀၁၉၉၀၀သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။ သို့သော်၊ လက်ရှိအသုံးပြုနေသော အပလီကေးရှင်းက နောက်ဆုံး ဗားရှင်းဖြစ်ကြောင်းနှင့် အင်တာနက်ချိတ်ဆက်အသုံးပြုနေခြင်းဟုတ်၊ မဟုတ် စစ်ဆေးအတည်ပြုပါ။

လက်ရှိမှာ၊ Customer serviceကို ရုံးချိန်အတွင်းသာလျှင် ဝန်ဆောင်မှုပေးနိုင်ပါတယ်။ တနင်္လာနေ့မှ သောကြာနေ့ ( မနက် ၈နာရီခွဲမှ ညနေ ၅နာရီအတွင်း) ။

CTLI Logo Image

Loading...