
ဂျပန်အသက်အာမခံကုမ္ပဏီကို ၁၈၉၃ခုနှစ် မေလတွင် စတင်တည်ထောင်ခဲ့သည်။
 
        Capital Taiyo Life ဖွဲ့စည်းခြင်း
Capital Taiyo Life Insurance (CTLI) သည် ပုဂ္ဂလိကအသက်အာမခံကုမ္ပဏီဖြစ်သည့် Capital Life Insurance နှင့် Taiyo Life Insurance တို့၏ ဖက်စပ်ကုမ္ပဏီ (joint venture) ဖြစ်ပါသည်။ ...Capital Life Insurance သည် ၂၀၁၃ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင်ပထမဆုံးစတင်တည်ထောင်ခဲ့သော ပုဂ္ဂလိကအသက်အာမခံကုမ္ပဏီများအနက်မှ တစ်ခုအပါအဝင်ဖြစ်ပါသည်။ Taiyo Life Insurance သည် ဂျပန်နိုင်ငံမှ အကြီးဆုံးအသက်အာမခံကုမ္ပဏီများအနက်မှ တစ်ခုဖြစ်ပြီး နှစ်ပေါင်းတစ်ရာကျော် အစဉ်အလာရှိခဲ့ကာ ယခုတွင် ၎င်းကုမ္ပဏီနှစ်ခုသည် ဖက်စပ်ကုမ္ပဏီ(joint venture) အဖြစ် Capital Taiyo Life Insurance ဟူ၍ ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး customers များထံသို့ အရည်အသွေးမြင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၂၀ခုနှစ် ဇွန်လမှစတင်၍ CTLI သည် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စသောနယ်မြေ ငါးခုတွင် ရုံးခွဲ ၂၅ခု ဖြန့်ကျက်ကာ လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။ CTLI သည် မြန်မာနိုင်ငံတွင်အလျင်မြန်ဆုံးကြီးထွားနေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး အတွေ့ကြုံရှိ စီမံခန့်ခွဲမှုအဖွဲ့အစည်း၊ ခိုင်မာသော ငွေကြေးလည်ပတ်မှုတို့ဖြင့် လုပ်ကိုင်နေပါသည်။ CTLI ၏တိုးပွားလာသော ရုံးခွဲကွန်ရက်သည် မြို့ဧရိယာအတွင်းရှိ customers များနှင့် ထိတွေ့ဆက်ဆံနိုင်ရန်အတွက် door-to-door ရောင်းချခြင်း၊ face-to-face တွေ့ဆုံချိန်းဆိုခြင်း တို့ကိုဆောင်ရွက်ပေးပြီး CTLI ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိနားလည်သဘောပေါက်အောင် ပြုလုပ်ပေးလျက်ရှိပါသည်။ CTLI ၏ ငွေကြေးဆိုင်ရာအဖွဲ့အစည်းများ နှင့်စီးပွားဖက်လက်တွဲထားမှု ၊ ခိုင်မာကောင်းမွန်သော Capital Diamond Star Group (CDSG) ၏ကွန်ရက်တွင်လုပ်ကိုင်နိုင်မှု၊ အင်တာနက်ပေါ်တွင် လွှမ်းမိုးမှုတို့သည် မြို့ပေါ်နှင့်နယ်မြို့ကျေးရွာဒေသများရှိ customers များကို ပိုမိုကောင်းမွန်စွာဝန်ဆောင်မှုပေးနိုင်ရန်အတွက် အထောက်အကူပြုပါသည်။ တောင့်တင်းသော အသင်းအဖွဲ့ဓလေ့နှင့် ခိုင်မာသော လူ့ကျင့်ဝတ်တန်ဖိုးများကိုအခြေခံကာ အရည်အသွေးမြင့် ဝန်ဆောင်မှုများကို ပိုမိုများပြားသော customers များထံသို့ ဆောင်ရွက်လုပ်ကိုင်ပေးနိုင်ရန်အတွက် ရုံးခွဲသစ်များဖွင့်လှစ်ခြင်းအပြင် တီထွင်ဆန်းသစ်သော အီလက်ထရောနစ်ဝန်ဆောင်မှုများနှင့် အင်တာနက်ဆိုင်ရာဖြေရှင်းမှု တို့ကို ဖြန့်ကျက်တိုးမြှင့်ခြင်းဖြင့် CTLI သည် မြန်မာနိုင်ငံတွင် ထိပ်တန်း အသက်အာမခံကုမ္ပဏီဖြစ်ရန် ရည်မှန်းပါသည်။
 
                 
                Capital Taiyo Life အကျဉ်းချုပ်
Capital Taiyo Life သည် မြန်မာနိုင်ငံတွင် တိုးတက်ပေါ်ထွန်းလာသော ဈေးကွက်၌ အင်တိုက်အားတိုက်နှင့် အဟုန်တရွေ့ရွေ့နေသော အသက်အာမခံအဖွဲ့အစည်းသစ်တစ်ခုဖြစ်ပါသည်။ Capital Taiyo Life သည် နိုင်ငံတွင်း၌ ကျွမ်းကျင်ပိုင်နိုင်ဆုံးသော အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်ရန် ကတိကဝတ်နှင့်အတူ မြန်မာပြည်သူပြည်သားများထံသို့ အသက်အာမခံဝန်ဆောင်မှုများနှင့် အစီအစဉ်များကို ဆောင်ရွက်ပေးနိုင်ရန် ၂၀၁၃ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ ... အကာအကွယ် ပံ့ပိုးပေးပြီး အောင်မြင်သောရေရှည်လက်တွဲမှု ဆောက်တည်ရန် ဆန္ဒရှိပါသည်။ Capital Taiyo Life ရှိကျွန်ုပ်တို့အဖွဲ့သည် မြန်မာနိုင်ငံတွင်း အာမခံလုပ်ငန်းအတွေ့အကြုံ နှစ်ပေါင်း ၅၀ကျော် သာမက အာရှနှင့်ကမ္ဘာတစ်ဝန်းတွင် နှစ်ပေါင်း ၃၀ကျော် အာမခံဗဟုသုတနှင့် အတွေ့အကြုံရှိသော အာမခံကျွမ်းကျင်ပညာရှင်များ ပါဝင်ဖွဲ့စည်းထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အကျွမ်းကျင်ဆုံးနှင့် တီထွင်ဆန်းသစ်သောအဖွဲ့မှ လူကြီးမင်းတို့၏ အသက်အာမခံလိုအပ်ချက်များကိုက်ညီရန်အတွက် ဆောင်ရွက်ပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် လုပ်ငန်းကျွမ်းကျင်ပိုင်နိုင်မှု၊ ရိုးသားဖြောင့်မတ်မှုတို့ကို ရည်ရွယ်ပြီး စစ်မှန်သောတန်ဖိုးကို customers များထံသို့သယ်ဆောင်ပေးလျက်ရှိပါသည်။
CEO မိန့်ခွန်း
Capital Taiyo Life Insurance Ltd. သည်မြန်မာနိုင်ငံတွင် တိုးတက်ပေါ်ထွန်းလာသောဈေးကွက်၌ အင်တိုက်အားတိုက်နှင့် အဟုန်တရွေ့ရွေ့နေသော အသက်အာမခံအဖွဲ့အစည်းသစ်တစ်ခုဖြစ်ပါသည်။ အသက်အာမခံသည် မြန်မာလူမျိုးတို့၏ဘဝကို တိုးမြှင့်စေပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်ရန် အထောက်အကူပြုနိုင်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။
 
                စီမံခန့်ခွဲမှု အဖွဲ့
 
                        Yan Paing Soe Oo
Chief Executive Officer 
                        Akinori Araki
Chief Operating Officer 
                        Yusuke Yokoyama
Senior Executive Officer 
                        Haruki Yamada
Certifying Actuary 
                        Aung Thein Tun
Senior Executive Officer 
                        Ohnmar Win
Senior Executive Officer 
                        Hideo Sumiyoshi
Executive Officer 
                        Takatoshi Kanenobu
Executive Officer 
                        Taro Hagiwara
Executive Officer 
                     
                     
                    ခိုင်မာသောငွေကြေး နောက်ခံအဖွဲ့အစည်း
Capital Taiyo Life သည် ခိုင်မာတောင့်တင်းသော Capital Diamond Star Group ကုမ္ပဏီများအစုအဖွဲ့မှ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံတွင် ထိပ်တန်းတံဆိပ်များဖြစ်သော Premier (ကော်ဖီ၊ နှံစားပင် နှင့် နှို့မှုန့်)၊ အာမို (ဓာတ်မြေဩဇာ)၊ Capital Hypermarket, G&G Convenient Store Chain တို့ကိုကိုယ်စားပြုပြီး ကမ္ဘာကျော်တံဆိပ်ဖြစ်သော Ford Automotive ကိုလဲကိုယ်စားပြုပါသည်။ ... Capital Taiyo Life ၏နောက်တွင်ခိုင်မာတောင့်တင်းသော ငွေကြေးဆိုင်ရာအဖွဲ့ရှိသောကြောင့် ကျွန်ုပ်တို့ဖောက်သည်များသည် သူတို့၏မိသားစုများအတွက် အာမခံလိုအပ်ချက်များကို Capital Taiyo Life နှင့်ဖြည့်ဆည်းရာတွင် ငွေရေးကြေးရေးစိတ်ချလုံခြုံမှုရရှိသောကြောင့် စိတ်အေးချမ်းသာစွာနေနိုင်ပါသည်။ ကျွန်ုပ်တို့သည် Insurance Business Regulatory Board (IBRB) of Myanmar မှချမှတ်သော စည်းမျဉ်းစည်းကမ်းများနှင့် သီးသန့်ငွေကြေးပမာဏများကို အမြဲ သာလွန်လိုက်နာဆောင်ရွက်ခဲ့သောကြောင့် ကျွန်ုပ်တို့ဖောက်သည်များ၏ လိုအပ်ချက်နှင့်ကိုက်ညီသောထုတ်ကုန်များကိုရောင်းပေးနိုင်ရုံသာမက ငွေကြေးလုံခြုံမှုကိုပါသယ်ဆောင်လာပေးနိုင်ပါတယ်။ကျွန်ုပ်တို့၏ပိုင်ဆိုင်မှုအဖွဲ့အစည်းသည် အာမခံလုပ်ငန်းနယ်ပယ်တွင် အတောင့်တင်းအခိုင်မာဆုံး ငွေကြေးအာမခံ ကုမ္ပဏီတစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းတည်ရှိရင်း မြန်မာနိုင်ငံတွင်ထိပ်တန်းအသက်အာမခံကုမ္ပဏီတစ်ခုတည်ဆောက်ရန် ရည်သန်ပါသည်။
Taiyo Life သမိုင်း

ဂျပန်အသက်အာမခံကုမ္ပဏီကို ၁၈၉၃ခုနှစ် မေလတွင် စတင်တည်ထောင်ခဲ့သည်။

ဂျပန်နိုင်ငံတွင် ၄ ခုမြောက်သက်တမ်းအကြီးဆုံး အသက်အာမခံကုမ္ပဏီဖြစ်သည်။
 
                ကျွန်ုပ်တို့၏ယုံကြည်စိတ်ချရသော Customersများ


















 
        Loading...